Home သတင်း အမည်မသိ လူတစုက ‌ခေါ်‌ဆောင်မှု‌ကြောင့် နတ်ထိပ်ရွာသူကြီးနှင့် ရွာသားနှစ်ဦး ‌ပျောက်ဆုံး‌နေ

အမည်မသိ လူတစုက ‌ခေါ်‌ဆောင်မှု‌ကြောင့် နတ်ထိပ်ရွာသူကြီးနှင့် ရွာသားနှစ်ဦး ‌ပျောက်ဆုံး‌နေ

1559
ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၂။ ‌စောခါးစူးညား၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘားအံမြို့နယ် နတ်ထိပ်(လာ့ထနာ့)‌ကျေးရွာရှိ ရွာသူကြီးနှင့် ရွာသားနှစ်ဦးကို အမည်မသိ လူတစ်စုမှ ယခုလ ၁၆ရက်‌နေ့က ၎င်း၏‌နေအိမ်မှ ‌ခေါ်‌ဆောင်သွားပြီး‌နောက် ယ‌နေ့အထိ ‌ပျောက်ဆုံးလျှက်ရှိ‌ကြောင်း သိရသည်။

ထို‌နေ့ မွန်းလွဲ ၁နာရီအချိန်တွင် နတ်ထိပ်ရွာသူကြီးဖြစ်သူ အသက် ၄၅နှစ်အရွယ် ‌စော‌အေး‌ပေါ် အပါအဝင် အသက် ၅ဝနှစ်အရွယ် ‌စော‌ကော်ဖိုင့်နှင့် အသက် ၂၈နှစ်အရွယ် ‌စော‌ကျော်အဲချန်တို့ကို ‌ပြောက်ကျားဝတ်စုံဝတ်ထားသည့် လူတစ်စုက ကား‌လေးစီးဖြင့် ‌နေအိမ်အထိ လာ‌ရောက်ကာ ‌ခေါ်‌ဆောင်သွားခြင်းဖြစ်သည်ဟု ‌ဒေသခံတဦးက ‌ပြောသည်။

သူက “သူကြီးနဲ့ ရွာသားနှစ်‌ယောက်ကို လာ‌ခေါ်တဲ့သူ‌တွေက ‌ပြောက်ကျားဝတ်စုံနဲ့ပဲ။ ဒါ‌ပေမယ့် ဝတ်စုံမှာ တံဆိပ်မပါ‌တော့ ဘယ် အဖွဲ့ကလည်း မသိဘူး။ ကား ၄စီးနဲ့လာတာ။”ဟု ကရင်သတင်းဌာနသို့ ‌ပြောသည်။

‌ခေါ်‌ဆောင်သွားခံရသူထဲမှ ရွာသူကြီးသည် နတ်ထိပ်‌ကျေးရွာတွင် မတရား ‌ရောင်းစားခံခဲ့ရသည့် ‌မြေလွတ်‌မြေရိုင်း ဧက ၃,၀၀ဝ ‌ကျော်ကို ရွာသားများ ပြန်လည်ရရှိ‌အောင် ‌နေပြည်‌တော်သို့ တိုင်ကြားစာများ ပို့ခဲ့ရာတွင် ကြိုးပမ်း‌ပေးခဲ့သူဖြစ်သည်။ ယင်းကိစ္စကို ‌နေပြည်‌တော်မှ အာဏာပိုင်များ၏ ဝင်‌ရောက်‌ဖြေရှင်းမှု‌ကြောင့် ‌မြေဧက ၂၃၇ဧကကို ယမန်နှစ် ဩဂုတ်လက ရွာသားများ ပြန်လည် ရရှိခဲ့သည်။

ရွာသားများ၏ ဘိုးဘွားပိုင်ဖြစ်‌သော ထို‌မြေလွတ်‌မြေရိုင်းများသည် နတ်ထိပ်‌ကျေးရွာ၏ အ‌ရှေ့ဘက်ခြမ်းနှင့် ‌တောင်ဘက်ခြမ်းတွင် ရှိပြီး ၂၀၀၇ခုနှစ်မှ ၂၀၁ဝခုနှစ်အထိ (ယခင်)ဒီ‌ကေဘီ‌အေမှ ဗိုလ်ကြာဝင်းနှင့် အစိုးရအာဏာပိုင်အချို့ ပူး‌ပေါင်း၍ ‌မြေကွက်ချကာ ‌ရောင်းချမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရွာသူကြီးနှင့် ရွာသားနှစ်ဦးကို လာ‌ရောက်‌ခေါ်‌ဆောင်သွားသူများမှာ ထို‌ဒေသရှိ ဒီ‌ကေဘီ‌အေ အသွင်‌ပြောင်း နယ်ခြား ‌စောင့်တပ်များ ဖြစ်နိုင်‌ကြောင်းနှင့် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ‌မြေလွတ်‌မြေရိုင်းကိစ္စနှင့် ဆက်စပ်မှုရှိနိုင်‌ကြောင်း နတ်ထိပ်ရွာခံ များက ခန့်မှန်း ‌ပြောဆို‌နေကြသည်။

လက်ရှိအချိန်တွင် ‌ပျောက်ဆုံး‌နေသူများအတွက် သက်ဆိုင်ရာ မိသားစု‌ဆွေမျိုးများနှင့် နတ်ထိပ်ရွာသူရွာသားများမှာ စိုးရိမ်ပူပန် လျှက်ရှိပြီး ရွာသားအချို့မှာ ယမန်‌နေ့က ဘားအံမြို့နယ်ရုံးသို့ သွား‌ရောက်တိုင်ကြားထားခဲ့သည်။

ထို့အပြင် ‌ကော့ကရိတ်မြို့နယ် ကျိုက်‌ပေါင်‌ကျေးနယ်ရှိ နယ်ခြား‌စောင့်တပ်စခန်းသို့ သွား‌ရောက်တိုင်ကြားခဲ့ကြ‌သော်လည်း တုံ့ပြန် မှု တစုံတရာ မရှိ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။ ‌ကော့ကရိတ်မြို့နယ် ဂျိုင်းမြစ်အ‌ရှေ့ဖက်ရှိ ကျိုက်‌ပေါင်‌ကျေး နယ်၊ ‌ဒေါ်လမ်း‌ကျေးရွာ ကုလားကုန်းတွင် နယ်ခြား‌စောင့်တပ် (၁၀၁၆) တပ်စခန်းတစ်ခု ရှိသည်။