Home သတင်း ABSDF အစိုးရ အကျိုး‌ဆောင်အဖွဲ့နှင့် ‌တွေ့ဆုံ

ABSDF အစိုးရ အကျိုး‌ဆောင်အဖွဲ့နှင့် ‌တွေ့ဆုံ

1800
ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ အကြား ငြိမ်းချမ်း‌ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ‌ဆွေး‌နွေးနိုင်ရန်အတွက် မြန်မာအစိုးရ ဘက်မှ‌စေလွှတ်သည့် ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင်အဖွဲ့သည် ယမန်‌နေ့က ထိုင်း -မြန်မာနယ်စပ်သို့ လာ‌ရောက်ခဲ့ကြသည်။

ပြည်‌ထောင်စုအဆင့်ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ‌တောင်သာမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦး ‌အောင်‌သောင်း၏ တာဝန်‌ပေးချက်အရ ကရင်ပြည်နယ် ဥက္ကဌ‌ဟောင်းဖြစ်သူ ဗိုလ်မှူးကြီး‌စောခင်စိုး(ငြိမ်း) ဦိး‌ဆောင်သည့် ငြိမ်း ချမ်း‌ရေးအကျိုး‌တော်‌ဆောင်အဖွဲ့သည် ယမန်‌နေ့က ABSDF တာဝန်ရှိသူအချို့နှင့် လာ‌ရောက်‌တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ABSDF အဖွဲ့၏ တာဝန်ရှိသူများက ငြိမ်းချမ်း‌ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အဖွဲ့၏ သ‌ဘောထားများကို ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်များမှတဆင့် ဦး‌အောင်‌သောင်းထံသို့ ‌ပေးပို့ခဲ့သည်။

အဆိုပါအဖွဲ့၏ သ‌ဘောထားများတွင် အစိုးရ၏ကမ်းလှမ်းမှုကို အပြုသ‌ဘောဖြင့်လက်ခံပြီး စစ်မှန်သည့် တန်းတူညီတူ ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုကို ကြိုဆိုသည်ဟုပါရှိ‌ကြောင်း သိရှိရသည်။

ငြိမ်းချမ်း‌ရေးအကျိုး‌တော်‌ဆောင် ဦး‌စောခင်စိုးက ABSDF အဖွဲ့အ‌နေနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုနှင့် ပတ်သက်၍ အချိန်မ‌ရွေး ‌ဆွေး‌နွေးနိုင်‌ကြောင်း၊ ‌ဆွေး‌နွေးမှုနှင့်ပတ်သက်၍ အစိုးရဘက်က အရံသင့်ရှိသည်ဟု ‌ပြောသည်။

တရားဝင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးနိုင်ရန်အတွက် ဦး‌အောင်‌သောင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး ‌ရေးအဖွဲ့သည် ယခုလ ၁ဝရက်‌နေ့က ABSDF အဖွဲ့ ထံသို့ တရားဝင် စတင် ဆက်သွယ်ခဲ့သည်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ‌ဆွေး‌နွေးနိုင်ရန်အတွက် ABSDF အဖွဲ့သည် ယခုရက် ပိုင်းအတွင်း ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် အမျိုသားပြန်လည်သင့်မြတ်‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့၏ ဒုဥက္ကဌ ကိုမျိုးဝင်းက “တန်းတူညီတူ ‌ဆွေး‌နွေး‌ရေးအတွက် ကမ်းလှမ်းမှုကို ကျ‌နော်တို့ကြိုဆိုတယ်။ ဒီကမ်းလှမ်းမှု‌တွေ ကို ပြည်တွင်းပြည်ပမှာရှိတဲ့ အင်အားစုအားလုံးရဲ့အကြံဉာဏ်‌တွေကိုယူပြီးမှ ဒီကိစ္စကိုဆုံးဖြတ်မှာ ဖြစ်တယ်။”ဟု ကရင်သတင်း ဌာနသို့ ‌ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ဖားအံခရိုင်ရှိ ‌ကော့မူးရာမြို့နယ် ဝမ်ခါ့စခန်းတွင် ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၁ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယ‌နေ့အထိ လက်နက်ကိုင်ကာ တိုက်ပွဲဝင်လျှက်ရှိသည်။