Home သတင်း ‌ရွှေ့‌ပြောင်းဆရာမ‌ဒေါ်စန္ဒာဝင်း မြန် မာပြည်ပြန်သွား

‌ရွှေ့‌ပြောင်းဆရာမ‌ဒေါ်စန္ဒာဝင်း မြန် မာပြည်ပြန်သွား

1826
ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

မြန်မာအစိုးရ၏ ဖိတ်‌ခေါ်မှု‌ကြောင့် ထိုင်း-မြန်မာ နယ်စပ်မဲ‌ဆောက်အ‌ခြေစိုက် ‌ရွှေ့‌ပြောင်းမြန်မာ ပညာ‌ရေးဌာနမှ ဆရာမ ‌ဒေါ်စန္ဒာဝင်းသည် ယ‌နေ့ ည‌နေပိုင်းက မဲ‌ဆောက်-မြဝတီလမ်း‌ကြောမှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်‌ရောက်သွားသည်။

‌ဒေါ်စန္ဒာဝင်းက “အစိုးရရဲ့ ဖိတ်‌ခေါ်မှု‌ကြောင့် ကျမ ပြန်တာပါ။ မပြန်ခင် ဘန်‌ကောက်မှာရှိတဲ့ မြန်မာသံရုံးကိုလည်း အဆက်အ သွယ် လုပ်ခဲ့ပါတယ်။ အဓိက ကျမတို့မိသားစု ပြန်လည်‌ပေါင်းစည်း‌ရေးအတွက် ပြန်တာပါ။ ဒီဘက်မှာရှိတဲ့ နိုင်ငံ‌ရေးအ‌ခြေအ ‌နေ‌တွေကို‌တော့ ‌လော‌လောဆယ် ဘာမှတ်ချက်မှ မ‌ပေးလိုပါဘူး။ မြန်မာနိုင်ငံထဲ ပြန်‌ရောက်မှပဲ နိုင်ငံ‌ရေးခံစားချက်‌တွေကို ‌ပြော‌တော့မယ်။”ဟု ဆိုသည်။

‌ဒေါ်စန္ဒာဝင်းသည် မဲ‌ဆောက်ရှိ မြန်မာ့အ‌ရေး လုပ်ရှားသူများထဲတွင် ပထမဆုံး ပြည်‌တော်ပြန်သူဖြစ်ပြီး သူမပြန်မည့်အ‌ကြောင်း ကို လုပ်‌ဖေါ်ကိုင်ဘက်များအား ကြိုတင်အသိ‌ပေးခဲ့ပြီး‌နောက် ခင်ပွန်းသည်ဖြစ်သူ ဦးမြင့်ဦးက လာ‌ရောက်‌ခေါ်‌ဆောင်သွားခြင်း ဖြစ်သည်။

‌ဒေါ်စန္ဒာဝင်းသည် မဲ‌ဆောက်တွင် မြန်မာနိုင်ငံ က‌လေးအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်မှု ‌ကော်မတီ CPPCR တွင် ရုံးအုပ် အဖြစ်လည်း‌ကောင်း၊ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းဆရာများအဖွဲ့ BMTA ၌ အတွင်း‌ရေးမှူးအဖြစ်လည်း‌ကောင်း၊ အ‌မေ့အိမ်နှင့် လှည်းဘီး‌ကျောင်းများတွင် ‌ကျောင်းဆရာမအဖြစ်လည်း‌ကောင်း တာဝန်ထမ်း‌ဆောင်ခဲ့သည်။

‌ဒေါ်စန္ဒာဝင်း၏ လုပ်‌ဖော်ကိုင်ဘက်တဦးဖြစ်သည့် မယ်‌တော်‌ဆေးခန်းတာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်က “သူမပြန်ခင် ကျမကို‌ပြောတာက အခုဆိုရင် ‌ဒေါ်‌အောင်ဆန်းစုကြည်လည်း ‌ရွေး‌ကောက်ပွဲဝင်‌တော့မယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံ‌ရေးအရ ‌ပြောင်းလဲမှု‌တွေရှိလာတဲ့အတွက် ပြန်တာလို့ ‌ပြောပါတယ်။ ကျမအမြင်က‌တော့ မြန်မာ့အ‌ရေး လုပ်မဲ့သူ‌တွေဟာ သူတို့ ကျွမ်း ကျင်ရာဘာသာအလိုက် ဘယ်မှာပဲလုပ်လုပ် အခက်အခဲမရှိနိုင်ဘူးလို့ ထင်တယ်။”ဟု ‌ပြောသည်။

ယခင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD မ‌ကွေးတိုင်း အမျိုးသမီးဥက္ကဌ ‌ဒေါ်စန္ဒာဝင်းသည် ပြည်ပတွင် မြန်မာ့ဒီမိုက‌ရေစီ ရရှိ ‌ရေးအတွက် ပိုမို ‌ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာနယ်စပ်သို့ ၂၀၀၅ခုနှစ်က ထွက်လာခဲ့ပြီး‌နောက် ပညာ‌ရေးဌာနတွင် ၇နှစ်ခန့် လုပ်ကိုင်ပြီး ယ‌နေ့တွင် ပြည်‌တော်ပြန်ခြင်းဖြစ်သည်။

သမတဦးသိန်းစိန်က ပြည်ပ‌ရောက် မြန်မာများကို ပြန်‌တော်ပြန်ရန် ဖိတ်‌ခေါ်ခဲ့ပြီး‌နောက် ၅လခန့်အကြာတွင် ထိုင်းနိုင်ငံအ‌ခြေ စိုက် မြန်မာ့အ‌ရေးလှုပ်ရှားသူများက မြန်မာသံရုံးနှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံသို့ အပြီးအပိုင် ပြန်သွားသူများနှင့် ‌ခေတ္တ ပြန် သွားသူများ အ‌ရေအတွက်မှာ ၁၅ဦးခန့်ရှိပြီး ဖြစ်သည်။