Home သတင်း ပဒိုမန်းငြိမ်း‌မောင်အား‌ရှေ့‌နေ‌ခေါ်‌ပေး မည် ဟု ‌နော်အုန်းလှ‌ပြောဆို

ပဒိုမန်းငြိမ်း‌မောင်အား‌ရှေ့‌နေ‌ခေါ်‌ပေး မည် ဟု ‌နော်အုန်းလှ‌ပြောဆို

1970
ဇန်နဝါရီလ ၂၃ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ရန်ကုန်တိုင်း၊ အင်းစိန်‌ထောင်တွင် အကျဉ်းကျခံ‌နေ ရသည့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဗဟို‌ကော်မတီဝင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်း‌မောင်အား လာမည့်အပတ် ရုံးထုတ် စစ်‌ဆေးရာတွင် ‌ရှေ့‌နေ‌ခေါ်ယူ‌ပေးသွားမည်ဟု အမျိုးသားဒီမိုက ‌ရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် ‌နော်အုန်းလှက ‌ပြောသည်။

ပြီးခဲ့သည့် ကြာသ‌တေး‌နေ့ (ဇန်နဝါရီလ ၁၉)ရက်‌နေ့က ပဒိုမန်းငြိမ်း‌မောင်အား ရန်ကုန်တိုင်း၊ အထူးတရားရုံးတွင် ရုံးထုတ်အမှု စစ်‌ဆေးအပြီး ‌ခေတ္တ သွား‌ရောက်‌တွေ့ဆုံခွင့်ရရှိခဲ့သည့် ‌နော်အုန်းလှက ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

သူမက “စစ်‌ဆေးမှု‌တွေအပြီးမှာ သူ့ကို ထမင်းသွား‌ကျွေးခွင့်ရခဲ့တယ်။ စကား‌ပြောတာ မလွတ်လပ်တဲ့အချိန်ကျ‌တော့ သူ့ဘက် က ဘာ‌တောင်းဆိုမှုမှ မလုပ်ပါဘူး။ လာမဲ့အပတ် ရုံးချိန်းကျရင် သူ့ကို ‌ရှေ့‌နေ‌ခေါ်‌ပေးဖို့ အန်တီတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အစီ အစဉ်ရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်အား ‌တွေ့ဆုံချိန်တွင် လက်နှစ်ဘက်မှာ လက်ထိပ်ခတ်ထားခံရပြီး မျက်နှာညှိုးနွမ်း‌နေသည့်အတွက် ကျန်းမာ ‌ရေးအ‌ခြေအ‌နေ သိပ်‌ကောင်းပုံမ‌ပေါ်‌ကြောင်း ‌နော်အုန်းလှက ‌ပြောဆိုသည်။

“သူ့ကို ထမင်း‌ကျွေးဖို့ လက်ထိပ်မခတ်ပါနဲ့လို့ အန်တီ‌ပြောတယ်။ သူထွက်မ‌ပြေးဘူးပါဘူး။ ကျမ အာမခံတယ်‌ပြော‌တော့ သူ့ကို လက်ထိပ်ဖြုတ်လိုက်တယ်။ သူ့မျက်နှာက သိပ်မ‌ကောင်းဘူး။ သူ အပြင်မှာ ‌ဆေးမှာထားတယ်လို့ ‌ပြောတယ်။”ဟု သူမက ဆို သည်။

KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးကိုယ်စားလှယ်နှင့် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်တို့ ယခုလ ၁၂ရက် ‌နေ့က ဘားအံမြို့၌ ‌တွေ့ဆုံအပြီးတွင် ၎င်းအား လွှတ်‌ပေးမည်ဆိုသည့်အ‌ကြောင်းကို ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့၏ ‌ရေးသား‌ဖော်ပြချက်အရ သိရ‌ကြောင်း ပဒိုမန်းငြိမ်း‌မောင်၏ ‌ပြောကြားချက်ကို ကိုးကား၍ ‌နော်အုံးလှက ပြန်‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်ကို မြန်မာအစိုးရဘက်မှ မကြာခင် ပြန်လွှတ်‌ပေးမည်ဟု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ သွား‌ရောက်ခဲ့သည့် KNU ကိုယ်စားလှယ်အဖွဲ့ကို ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေး အဖွဲ့မှ ရထားပို့‌ဆောင်‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီးဦး‌အောင်မင်းက ‌ပြောဆိုခဲ့‌သော်လည်း အစိုးရ ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယ ဗိုလ်မှူးကြီးကိုကိုက ဥပ‌ဒေအရ အ‌ရေးယူ ‌ဆောင်ရွက်မှုများ ပြုလုပ်‌နေသည်ဟု သတင်း‌ထောက်များကို ‌ပြောကြားခဲ့သည်။

ယမန်နှစ် ဇူလိုင်လက မဟာမိတ်အဖွဲ့တချို့နှင့် သွား‌ရောက်‌တွေ့ဆုံရန် ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ သွား‌ရောက်ခဲ့ သည့် ခရီးစဉ်တွင် ‌ပျောက်ဆုံးသွားခဲ့သူ ပဒိုမန်းငြိမ်း‌မောင်သည် မြန်မာနိုင်ငံသို့ ပြန်လည် ပို့‌ဆောင်ခံရကာ တရားမဝင် နယ်စပ် ဖြတ်‌ကျော်မှု၊ တရားမဝင် စာရွက်စာတမ်းကိုင်‌ဆောင်မှု၊ မတရား အသင်းအက်ဥပ‌ဒေ ပုဒ်မ စသည့်စွဲချက်များဖြင့် အင်းစိန် ‌ထောင်တွင် အကျဉ်းကျခံ‌နေရသည်။

ယင်းသို့ အဖမ်းခံရစဉ်တွင် ပဒိုမန်းငြိမ်း‌မောင်သည် KNU ဗဟို‌ကော်မတီဝင် တစ်ဦးဖြစ်သလို တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်‌ကောင်စီ UNFC ၏ မဟာမိတ်‌ရေးရာတွင် တာဝန်ယူထားသူတစ်ဦးလည်း ဖြစ်သည်။

ပဒိုမန်းငြိမ်း‌မောင်သည် လွန်ခဲ့သည့် ၁၉၆၉ခုနှစ်က နိုင်ငံ‌ရေးလှုပ်ရှားမှုဖြင့် ဦး‌နေဝင်း ဦး‌ဆောင်သည့် မဆလအစိုးရ၏ ဖမ်းဆီး မှုကို ခံခဲ့ရပြီး ‌ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရကာ ကိုကိုးကျွန်းသို့ ပို့‌ဆောင်မှုခံခဲ့ရသည်။ ထိုမှတဆင့် ကိုကိုးကျွန်း မှ အကျဉ်းသား ၂ဦးနှင့်အတူ ‌ဖောင်ဖွဲ့၍ ထွက်‌ပြေးလွတ်‌မြောက်နိုင်ခဲ့‌သော်လည်း ကမ်း‌ပေါ်သို့အ‌ရောက်တွင် အစိုးရ၏ ဖမ်း ဆီးမှုကို ထပ်မံ ခံရပြန်သည်။