Home သတင်း တရားမဝင်ကုန်သွယ်မှုနှုန်းမြှင့် တက်‌ကြောင်းမြန်မာအစိုးရ၏‌ပြော ဆိုချက် KNU ငြင်းဆို

တရားမဝင်ကုန်သွယ်မှုနှုန်းမြှင့် တက်‌ကြောင်းမြန်မာအစိုးရ၏‌ပြော ဆိုချက် KNU ငြင်းဆို

2077
ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား ယခုလဆန်းပိုင်းက အပစ်အခတ်ရပ်စဲ‌ရေးဆိုင် ရာသ‌ဘောတူ လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီလမ်း‌ကြောင်း၏ တရားမဝင် ကုန်သွယ် မှုနှုန်း မြှင့်တက်လာခဲ့‌ကြောင်း ကရင်ပြည်နယ်အစိုးရ စီးပွား‌ရေးဝန်ကြီး၏ ‌ပြောဆိုချက်မှာ အ‌ခြေအမြစ်မရှိဟု KNUက တုံ့ပြန်‌ပြောကြားလိုက်သည်။

ယခုလ ၂၃ရက်‌နေ့က ‌နေပြည်‌တော်တွင် ပြုလုပ်သည့် တရားမဝင်‌မှောင်ခို ပစ္စည်းတင်သွင်း မှုကို အ‌ရေးယူမည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်‌ရေး ‌ဆွေး‌နွေးပွဲတွင် ကရင်ပြည် နယ်အစိုးရ စီမံကိန်းနှင့် စီးပွား‌ရေးဝန်ကြီး ဦးနိုင်မင်းစိုးသိန်း၏ ‌ပြောဆိုချက်ကို KNU ဒုဥက္ကဌ ပဒို‌ဒေးဗစ်သက‌ဘောက တုံ့ပြန်‌ပြောဆိုခြင်းဖြစ်သည်။

၎င်းက “ကျ‌နော်တို့ အပစ်ခတ်ရပ်စဲ‌ရေးကလည်း ဘာမှ တိတိကျကျ‌သေ‌သေချာချာ ‌ဆောင် ရွက်ထားတာ မရှိ‌သေးဘူး။ ဒီအပစ်ခတ်ရပ်စဲ‌ရေး အတွက်ကိုပဲ အများကြီး ဆက်လက်‌ဆွေး ‌နွေးရအုံးမယ်။ ဒီ‌မှောင်ခို ကိစ္စက‌တော့ KNUနဲ့လည်း မပတ်သက်ဘူး။ ကျ‌နော်တို့ ကရင် လူမျိုး‌တွေလည်း မပတ်သက်ဘူး။ ဒီတရားမဝင် ကုန်သွယ်‌ရေး ကိစ္စက အစကတည်းကရှိ ‌နေတာဖြစ်တယ်။”ဟု ‌ပြောသည်။

မြန်မာအစိုးရနှင့် KNUတို့အကြား ယခုလ ၁၂ရက်‌နေ့က ဘားအံမြို့တွင် နှစ်ဖက်အပစ် အခတ်ရပ်စဲ‌ရေးအတွက် ပဏာမ သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြ‌သော်လည်း အပစ် ခတ်ရပ်စဲ‌ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံ‌ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်‌ဆွေး‌နွေး သွားရန်ရှိပြီး ‌ဆွေး‌နွေးပွဲ ကာလအတွင်း စီးပွား‌ရေးလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်း များကို လုပ်ကိုင်ရန် လုံးဝအစီအစဉ်မရှိဟု KNUဘက်က ‌ပြောသည်။

သို့‌သော် မြန်မာကုန်သည်ကြီး တစ်ဦးဖြစ်သည့် ဦး‌အောင်ဝင်းက မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး နယ်စပ်ကုန်သွယ်‌ရေး လမ်း‌ကြောင်းဖြစ်သည့် မဲ‌ဆောက်-မြဝတီတွင် တရား မဝင် ‌မှောင်ခိုပစ္စည်း အပြန်အလှန် တင်ပို့မှုမှာ လွန်ခဲ့သည့် နှစ် ၂ဝခန့်က စတင်ခဲ့သည်ဟု ‌ပြောသည်။

၎င်းက “ဒီလမ်း‌ကြောင်းမှာ လုပ်တဲ့နယ်စပ်ကုန်သွယ်‌ရေးက တရားဝင်နဲ့ တရားမဝင်တဲ့ နည်း‌တွေကို တွဲပြီး သုံး‌နေရတယ်။ ဒါက နှစ်ဖက် တာဝန်ရှိသူ‌တွေရဲ့ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း‌တွေ အားနည်းလို့ ဖြစ်တယ်။ အထူးသဖြင့် မြန်မာဘက်က ကုန်သွယ်မှု လုပ်ငန်းဆိုင်ရာ ပြဌာန်းချက်‌တွေကို ‌လျော့‌ပေါ့ပြီး စဉ်းစား‌ပေးမယ်ဆိုရင် ဒီတရားမဝင် ကုန်သွယ်မှုဟာ ‌လျော့နည်းသွားမှာ ဖြစ်တယ်။”ဟု ဆိုသည်။

ထို့အပြင် စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေး ပြည်‌ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း မြန်မာနိုင်ငံအတွင်း တရားမဝင်‌မှောင်ခို ပစ္စည်းများ တင်သွင်းမှုကို ၃လ အတွင်း ကန့်သတ် အ‌ရေးယူမှုများ ပြုလုပ်မည်ဟု ယခုလ ၂၃ရက်‌နေ့က ‌နေပြည်‌တော်တွင် ပြုလုပ်သည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်‌ရေး ‌ဆွေး‌နွေးပွဲ၌ ‌ပြောကြားခဲ့သည်။

ကရင်ပြည်နယ် အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီတခုမှ ‌ခေါင်း‌ဆောင်တစ်ဦးက “အစိုးရနဲ့ KNU ကြားမှာ ပြုလုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်က အစပဲရှိ‌သေးတယ်။ နှစ်ဖက်တာဝန်ရှိ သူ‌တွေအ‌နေနဲ့ အ‌ပြောအဆို‌တွေကို ထိန်းထိန်းသိမ်းသိမ်း ‌ပြောဖို့လိုအပ်ပါတယ်။ အခု ကရင်ပြည်နယ်ဝန်ကြီး ‌ပြောပုံအရဆိုရင် KNUက တရားမဝင် ‌မှောင်ခိုပစ္စည်း တင်ပို့မှု‌တွေ လုပ်‌နေတယ်ဆိုတဲ့ သ‌ဘောသက်‌ရောက်‌နေတယ်။”ဟု ‌ဝေဖန်‌ပြောဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်‌ရေးတွင် မဲ‌ဆောက်ဘက်မှ မြဝတီ ဘက်သို့ တရားဝင် တင်ပို့‌နေသည့် ထိုင်းထုတ်ကုန်များမှာ တလလျှင် ထိုင်းဘတ်‌ငွေ သန်း ၃,၀၀ဝ ခန့်ရှိပြီး တရားမဝင်တင်ပို့မှုမှာလည်း ဆတူနီးပါးခန့် ရှိသည်ဟု ထိုင်းကုန်သည်ကြီးများက ‌ပြောသည်။

တဆက်တည်း၌ပင် လက်ရှိ မြန်မာနိုင်ငံ ပြည်တွင်း‌ဈေးကွက်တွင် ‌ရောင်းချ‌နေသည့် တရားမဝင် ‌မှောင်ခို ပစ္စည်းအများစုမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် တရုတ်-မြန်မာနယ်စပ် မူဆယ်လမ်း ‌ကြောင်းများမှတဆင့် ဝင်‌ရောက်လာသည့် ပစ္စည်းများ ဖြစ်သည်ဟု မြန်မာကုန်သည်ကြီးများကလည်း ‌ပြောဆို‌နေကြသည်။