Home သတင်း တုပ်‌ကွေးဟု ထင်ရသည့် ‌ရောဂါကူးစက်မှု ပိုမိုပြန့်နှံ့လာ

တုပ်‌ကွေးဟု ထင်ရသည့် ‌ရောဂါကူးစက်မှု ပိုမိုပြန့်နှံ့လာ

1937
‌အောက်တိုဘာ ၃ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်‌ဒေသတွင် စက်တင်ဘာလကတည်းက စတင်ဖြစ်ပွား‌နေ‌သော တုပ်‌ကွေးအမျိုးအစားတမျိုးဟု ယူဆရသည့် ‌ရောဂါကူးစက် မှုမှာ ‌ဆေးဝန်ထမ်းများ ထိန်းချုပ်‌နေသည့်ကြားက ပိုမိုပြန့်နှံ့လာသည်ဟု ‌ဒေသဆိုင်ရာ ကျန်းမာ‌ရေးဝန်ထမ်းများ၏ ‌ပြောပြချက်အရ သိရသည်။

ယခင်လက အဆိုပါ‌ရောဂါ ကူးစက်ဖြစ်ပွား‌နေခဲ့သည့် ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ၊် ‌သေးမူဒဲ‌ကျေးနယ်ရှိ သဒါးဒဲ၊ တ‌ခေါ်တို့‌ဘော၊ ‌သေးမူဒဲ၊ ဟီဖိုး ဒဲ၊ တာအိုဒဲ၊ ပဒဲဒဲနှင့် မီး‌မော်ဒဲ‌ကျေးရွာများတွင် ယခုလဆန်းပိုင်းအထိ ရွာသူရွာသား‌ပေါင်း ၄၀၀‌ကျော်ကို ထပ်မံကူးစက်‌နေပြီး အများစုမှာ ‌ကျောင်း‌နေအရွယ် က‌လေးများဖြစ်ကြကာ အချို့‌ဆေးဝန်ထမ်းနှင့် နီးစပ်ရာ ‌ကျေးနယ်တခုတွင်လည်း ကူးစက်မှုဖြစ်ပွား‌နေပြီဟု ဖာပွန်ခရိုင် ကျန်း မာ‌ရေးတာဝန်ခံ ‌စောဝင်း‌ကျော်က ‌ကေအိုင်စီကို ယခုလို ‌ပြော သည်။

သူက “‌ရောဂါကူးစက်မှု အ‌ခြေအ‌နေက အရှိန်မ‌လျှော့‌သေးဘူး။ အခု ဖြစ်ပွား‌နေတုန်းပဲ။ အများစုက‌တော့ လူငယ်‌တွေနဲ့ ‌ကျောင်း‌နေအရွယ် က‌လေး‌တွေ ဖြစ်တာများတယ်။ ကျ‌နော်တို့ စာရင်း‌ကောက်ယူထားချက်အရ အခု ‌ရောဂါကူးစက်ခံရသူ‌ပေါင်း (၄၆၀)‌ကျော် ရှိသွားပြီ။ သက်သာ သွားတဲ့လူနာ‌တွေ‌တောင် ‌နောက်တခါထပ်ဖြစ်တာ‌တွေ ‌တွေ့ရတယ်၊ လူနာ‌တွေကို သွား‌ရောက်ကုသ‌ပေး‌နေတဲ့ ‌ဆေးဆရာမနှစ်‌ယောက်လည်း ‌ရောဂါကူးစက်ခံရတယ်။ ဒါ့အပြင် ‌သေးမူဒဲ‌ကျေးနယ်နဲ့နီးတဲ့ ပါဟိုက်‌ကျေးနယ်မှာ လည်း ဒီ‌ရောဂါဖြစ်တဲ့ လူနာ ၈‌ယောက်‌လောက် ‌တွေ့ရတယ်”ဟု ဆိုသည်။

‌ရောဂါဖြစ်ပွားရာ ‌နေအိမ်သို့
‌ရောဂါဖြစ်ပွားရာ ‌နေအိမ်သို့

ထို့အပြင် ဆရာ‌စောဝင်း‌ကျော်က “ဘာ‌ရောဂါအမျိုးအစားလဲဆိုတာ အ‌ဖြေမသိရ‌သေးတဲ့အတွက် အခု ‌လော‌လောဆယ် ‌ရောဂါကူးစက်မှု ထပ်မ ဖြစ်‌အောင် ကြိုတင်ကာကွယ်တဲ့အ‌နေနဲ့ ရွာ‌တွေမှာ ကျန်းမာ‌ရေး ပညာ‌ပေးမှု‌တွေ လုပ်‌နေတယ်။ ရွာသူရွာသား‌တွေ ‌လေ‌ကောင်း‌လေသန့်‌တွေရှူဖို့၊ တအိမ်နဲ့တအိမ်၊ တရွာနဲ့တရွာ မသွားလာဖို့ ‌ရောဂါဖြစ်တဲ့လူနာ‌တွေကို နှာ‌ခေါင်းပိတ်တဲ့ (Mask) တပ်ဖို့ ကျ‌နော်တို့ (Mask)‌တွေ ‌ဝေ‌ပေး‌နေတယ်။ အဲဒါ‌တွေကို ကျ‌နော်တို့ လုပ်‌ဆောင်‌နေပါတယ်”ဟု ဆက်လက်‌ပြောဆိုသွားသည်။

၎င်းကူးစက်‌ရောဂါ ဖြစ်ပွား‌နေသည့် ‌ကျေးရွာအတွင်းရှိ ရွာသူရွာသားများ၏ သွားလာ‌ရေးကို တားဆီးထိန်းချုပ်ထားသည့်အပြင် ထို‌ဒေသတွင်းရှိ အ လယ်တန်း‌ကျောင်းတလုံး အပါအဝင် စာသင်‌ကျောင်း ၅လုံးကို ပြီးခဲ့သည့် နှစ်ပတ်‌လောက်ကတည်းက ယာယီပိတ်ထားလိုက်‌ကြောင်း သိရသည်။

ယခုဖြစ်ပွား‌နေသည့် ‌ရောဂါကို အမျိုးအစား အတိအကျ သိရှိနိုင်ရန်အတွက် ‌ရောဂါအပြင်းအထန် ဖြစ်ပွား‌နေသည့် လူနာများ၏ သလိပ်ကိုယူပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ရှိ ‌ဆေးရုံကြီးတွင် ပို့‌ဆောင်ကာ စစ်‌ဆေးမှုများ လုပ်‌ဆောင်‌နေပြီဟု ထို‌ဒေသသို့ ကိုယ်တိုင်ကွင်းဆင်း‌လေ့လာ ခဲ့သူ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT) မှ ဆရာမန်းမန်းက ‌ကေအိုင်စီကို ‌ပြောဆိုသည်။

“ကျ‌နော်တို့ ဒီ‌ရောဂါရဲ့ အ‌ဖြေကို သိရဖို့အတွက် အခု လူနာ ၅‌ယောက်ရဲ့ သလိပ်ကို ဒီမဲ‌ဆောက်‌ဆေးရုံကြီးမှာ ပို့ထားတယ်၊၊ အ‌ဖြေက‌တော့ တပတ်‌လောက်ကြာမှ သိရမယ်ထင်တယ်။ ဒီ‌နေ့ မဲ‌ဆောက်‌ဆေးရုံက တာဝန်ရှိတဲ့ အမျိုးသမီးတဦးက ကျ‌နော်တို့ကို လာ‌တွေ့တယ်။ ‌ရောဂါဖြစ်တဲ့ အ‌ခြေအ‌နေ‌တွေ လာ‌မေးပြီး သူတို့အ‌နေနဲ့ အမြန်ဆုံး အ‌ဖြေသိရ‌အောင် လုပ်‌ပေးမယ်လို့ ‌ပြောတယ်”ဟု ‌ပြောသည်။

ဆရာမန်းမန်းက “ဒီ‌ရောဂါက တုပ်‌ကွေး‌ရောဂါ အမျိုးအစားတမျိုးပဲ။ ဒါ‌ပေမယ့် ရာသီတုပ်‌ကွေးလား၊ ကြက်ငှက်တုပ်‌ကွေးလား၊ ဝက်တုပ်‌ကွေးလား တစုံတရာ စိုးရိမ်စရာရှိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အရင်နှစ်‌တွေထက် ကူးစက်မှုက ပိုမြန်တယ်။ စဖြစ်ခြင်းမှာ ရာနဲ့ချီ ကူးစက်ဖြစ်ပွားတယ်ဆို ‌တော့ ဒါ‌တွေဟာ သံသယဖြစ်စရာ‌တွေ အများကြီးရှိတယ်။ အဲဒါ‌ကြောင့် ‌ရှေ့ဆက်ပြီး ‌ဒေသတွင်းက ‌ဆေးဝန်ထမ်း‌တွေ၊ ရွာသူရွာသား‌တွေ၊ ‌ဒေသ ဆိုင်ရာ အာဏာပိုင်‌တွေ‌ရော၊ ထိုင်းနယ်စပ်မှာရှိတဲ့ ထိုင်းကျန်းမာ‌ရေးဌာန‌တွေနဲ့‌ရော ဘယ်လိုစု‌ပေါင်းလုပ်‌ဆောင်သွားမယ်ဆိုတာ ကျ‌နော်တို့ စီစဉ် ‌ဆွေး‌နွေး‌နေပါတယ်”ဟု ‌ပြောဆိုသွားသည်။

ထို‌ဒေသအတွင်း ‌ရောဂါကူးစက်ဖြစ်ပွားသူများကို ကုသမှု‌ပေးရန်နှင့် ကာကွယ်‌ပေးရန် ‌ဆေးဝါးလုံ‌လောက်မှုမရှိခဲ့သည့်အ‌ပေါ် ‌ရောဂါကာကွယ်‌ရေး လုပ်ငန်းများ ‌ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ‌ဆေးဝါးများနှင့် ကျန်းမာ‌ရေးဝန်ထမ်းအချို့ကို ‌ရောဂါဖြစ်ပွားရာ‌ဒေသသို့ ပို့‌ဆောင်ရန် စီစဉ် လျှက်ရှိသည်ဟု သိရသည်။

‌ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ဆယ်ရက်အတွင်း လူ ၃၀၀‌ကျော် ကူးစက်ခံခဲ့ရပြီး ယခုအချိန်ထိ တလနီးပါးရှိ‌နေပြီဖြစ်‌သော်လည်း ‌သေဆုံးမှု မရှိ ‌သေးဘဲ လူနာများမှာ နှာရည်ယိုခြင်း၊ လည်‌ချောင်း နာခြင်း၊ ‌ချောင်းတအားဆိုးခြင်း၊ မျက်လုံးနီခြင်း၊ ကိုယ်ပူချိန်အရမ်းတက်ခြင်းနှင့် ‌ခေါင်းအရမ်း ကိုက်ခဲခြင်း စသည့်‌ဝေဒနာများကိုသာ ခံစား‌နေရသည်ဟု သိရသည်။