Home သတင်း မြန်မာအလုပ်သမားများ ယာယီ နိုင်ငံကူးလက်မှတ် ‌ပြောင်းလဲ ကိုင်‌ဆောင်ရန် ခက်ခဲ‌နေ

မြန်မာအလုပ်သမားများ ယာယီ နိုင်ငံကူးလက်မှတ် ‌ပြောင်းလဲ ကိုင်‌ဆောင်ရန် ခက်ခဲ‌နေ

2012
ဇန်နဝါရီလ ၃ဝရက်၊ ၂၀၁၂။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းအလုပ်သမားကဒ် ကိုင်‌ဆောင်သူများ မြန်မာနိုင်ငံ၏ ယာယီနိုင်ငံကူးလက်မှတ် ကိုင်‌ဆောင်ရန် ထိုင်းအစိုးရက ဖိအား‌ပေးမှုများရှိ‌နေ‌သော် လည်း ‌ရွွှှေ့‌ပြောင်း အလုပ်သမားများ အ‌နေဖြင့် လက်‌တွေ့လုပ်ကိုင်ရန် အခက်အခဲ ဖြစ်‌နေကြသည်ဟု သိရသည်။

မဲ‌ဆောက်အ‌ခြေစိုက် ‌ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဥပ‌ဒေ‌ရေးရာတာဝန်ခံ ကို‌ထွေးနိုင်က “စက်ရုံလုပ်ငန်းရှင်‌တွေအ‌နေနဲ့ က‌တော့ ဘာမှကို စတင် လုပ်တာ‌တော့ မ‌တွေ့‌သေးဘူး။ တချို့လူ‌တွေက လုပ်ဖို့ ‌ငွေ‌ကြေးအခက်အခဲ‌ကြောင့် မလုပ်ဖြစ်တဲ့သူ ‌တွေက များပါတယ်။”ဟု ‌ပြောသည်။

လာမည့် ‌ဖေ‌ဖော်ဝါရီလ ၂၈ရက်‌နေ့တွင် ထိုင်းအလုပ်သမား ကဒ်သက်တမ်း ကုန်ဆုံးမည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ မှာ ယာယီနိုင်ငံကူး လက်မှတ်မရှိပါက သက်တမ်းထပ်တိုးခွင့် ရမည်မဟုတ်ဘဲ အလုပ်ရှင်များမှာကိုပါ အလုပ်သမားနှင့်အတူ ထိ‌ရောက်စွာ အ‌ရေးယူခံရမည်ဟု ပြီးခဲ့သည့်လ ၁၅ရက်‌နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့အတွက် “အဖမ်းအဆီး‌တွေရှိလာမယ် ဆိုတာ‌သေချာတယ်”ဟု ကို‌ထွေးနိုင်က ဆက်‌ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင် ‌နေထိုင်ခွင့်ရ နိုင်ငံခြားသားလူဦး‌ရေနှင့် အလုပ်သမားကဒ် ကိုင်‌ဆောင်သည့် လူဦး‌ရေ ကွာဟမှုများ ရှိလာသည့်အတွက် ယာယီနိုင်ငံကူးလက်မှတ် ကိုင်‌ဆောင်‌စေရန် ထိုင်းအစိုးရက လုပ်‌ဆောင်လာသည်ဟု ထင်မြင်‌ကြောင်း ကို‌ထွေးနိုင်က ဆက်‌ပြောသည်။

ထိုင်း‌ရောက် ‌ရွှေ့‌ပြောင်း မြန်မာအလုပ်သမား အများစု ရရှိသည့် လုပ်အားခမှာ တရားဝင် သတ်မှတ်ထားသည့် လုပ်ခမရရှိသ ဖြင့် ဝင်‌ငွေနည်းပါးကြပြီး နိုင်ငံကူးလက်မှတ်လုပ်ရန် မလွယ်ကူ၊ အခက်အခဲများရှိသည်ဟု ဆိုသည်။

ထိုလက်မှတ် ‌လျှောက်လွှာတင်လိုသည့် ့အလုပ်သမားသည် ပတ်စ်ပို့ ဓာတ်ပုံ ၁ဝပုံ၊ ၃၈/၁ ဆိုသည့် ‌နေထိုင်ခွင့်လက်မှတ်၊ မြန် မာနိုင်ငံသား စစ်‌ဆေး‌ရေးကဒ်၊ အလုပ်သမား ရှာ‌ဖွေခန့်ထား‌ရေးရုံးမှ ထုတ်‌ပေးသည့် ‌ငွေစာရင်းဖြတ်ပိုင်းကို ယူ‌ဆောင်ကာ အလုပ်ရှင်နှင့်အတူ ‌လျှောက်လွှာကို အလုပ်သမား ရှာ‌ဖွေခန့်ထား‌ရေးရုံးသို ့ တင်ရမည် ဖြစ်သည်။

သက်တမ်း(၆)နှစ်ရှိ ယာယီနိုင်ငံကူး လက်မှတ်၏ ကုန်ကျစရိတ်မှာ အလုပ်ရှင်ကိုယ်တိုင် လိုက်လံ‌ဆောင်ရွက်‌ပေးပါက ဘတ် ၃,၅၀ဝခန် ့ကျသင့်ပြီး လုပ်သားကိုယ်တိုင် ‌ဆောင်ရွက်ပါက ဘတ် ၅,၀၀ဝခန့်အထိ ကုန်ကျ‌ကြောင်း လက်မှတ် ပြုလုပ်ခဲ့သူ မဲ‌ဆောက်ရှိ မြန်မာလုပ်သားတစ်ဦ်း၏ ‌ပြောပြချက်အရ သိရသည်။

ထိုင်း‌ရောက် မြန်မာလုပ်သားတို ့ယာယီနိုင်ငံကူး လက်မှတ်ထုတ်‌ပေး‌ရေးကို ထိုင်းမြန်မာ နှစ်နိုင်ငံ သ‌ဘောတူညီမှုဖြင့် ၂၀၀၉ ဇူုလိုင်လက နယ်စပ်တွင် လက်မှတ်ထုတ်‌ပေး‌ရေးစခန်းများ ဖွင့်ကာ စတင် ‌ဆောင်ရွက်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း၌ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၄သိန်းခန့်ရှိပြီး ၂သိန်းခန့်မှာ မဲ‌ဆောက်မြို့နယ်ရှိ အလုပ်ရုံ၊ စက်ရုံများနှင့် စိုက်ပျိုး‌ရေးလုပ်ငန်း၊ ‌ဆောက်လုပ်‌ရေးလုပ်ငန်းများတွင် လုပ်ကိုင်‌နေကြသူများ ဖြစ်သည်။