Home သတင်း ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရာတွင် ပါဝင်သွားမည်ဟု ကရင်အမျိုး သမီးများ ‌ပြောဆို

ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရာတွင် ပါဝင်သွားမည်ဟု ကရင်အမျိုး သမီးများ ‌ပြောဆို

1888
ဇန်နဝါရီလ ၃ဝရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ကရင်တမျိုးသားလုံးအတွက် ငြိမ်းချမ်း‌ရေးရရှိရန် ကြိုးပမ်းတည်‌ဆောက်သည့် အခန်းကဏ္ဍလုပ်ငန်းစဉ် တ‌လျှောက်တွင် ကရင်အမျိုး သမီးများ ပူး‌ပေါင်း ပါဝင်‌ဆောင်ရွက်သွားမည်ဟု ကရင်အမျိုးသမီးအစည်း အရုံး(KWO) က ‌ပြောသည်။

KWO ၏ ၅ကြိမ်‌မြောက် ကွန်ဂရက်အပြီး ဒုတိယအကြိမ်‌မြောက် ဗဟို‌ကော်မတီဝင်များ အစည်းအ‌ဝေး၌ လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်း ချမ်း‌ရေးဖြစ်စဉ်များကို ‌ဆွေး‌နွေးသုံးသပ်ပြီး ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုအဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်ရန် အ‌ရေးကြီး ‌ကြောင်း ယ‌နေ့ ‌ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲမှာ ဆိုလို့ရှိရင် ကျမတို့ အမျိုးသမီး‌တွေရဲ့ အခန်းကဏ္ဍက အ‌ရေးကြီးပါတယ်။ ကုလသမဂ္ဂ လုံခြုံ‌ရေး ‌ကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅နဲ့အညီ ကျမတို့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူး‌ပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။”ဟု KWO အတွင်း‌ရေးမှူး နန်းဒါးအဲ့ကလယ်က ‌ပြောသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး KNU လည်း နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူး‌ပေါင်းပါ ဝင်မှုရှိလာ‌အောင် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ‌ကြေညာချက် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၆ရက်‌နေ့မှ ၂၈ရက်‌နေ့အထိ နယ်စပ်တ‌နေရာတွင် ကျင်းပခဲ့သည့် KWO ဒုတိယအကြိမ် ဗဟို‌ကော်မတီဝင်များ အစည်းအ‌ဝေးသို့ ခရိုင် ၇ခုမှ ကိုယ်စားလှယ်များ၊ ဒုက္ခသည်စခန်းမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်များ နှင့် ‌လေ့လာသူများ အပါအဝင် ကရင်အမျိုးသမီးကိုယ်စားလှယ် စုစု‌ပေါင်း ၄ဝဦး တက်‌ရောက်ခဲ့ကြသည်။

ဆက်လက်၍ နန်းဒါးအဲ့ကလယ်က “ဒီ peace process မှာ ကျမတို့ အမျိုးသမီး‌တွေရဲ့ ‌တောင်းဆိုချက်‌တွေ အများကြီးရှိတယ်။ တကယ်လို့ ကျမတို့ ပူး‌ပေါင်းပါဝင်မှု မရှိဘူးဆိုရင် အဲဒါ‌တွေ ကျန်ရစ်ခဲ့မှာ။ အဲလိုမျိုး တချိန်တည်း၊ တခါတည်းနဲ့ အမျိုးသား‌တွေနဲ့အ တူ ‌တောင်းဆိုမှု ပြုနိုင်ဖို့ အမျိုးသမီး‌တွေ မကျန်ခဲ့‌အောင်ဆိုပြီး ပူး‌ပေါင်းဖို့ဆိုတဲ့ဟာကို သ‌ဘောတူလာတာပါ”

ပြည်တွင်းစစ်ဖြစ်ပွားလျှက်ရှိသည့် ကရင်ပြည်နယ်၏ ‌ဒေသအသီးသီးတွင် ကရင်အမျိုးသမီးများနှင့် က‌လေးသူငယ်များ ‌တွေ့ကြုံခံ စားရသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ‌ကြောင့် လိုအပ်ချက်များ၊ စိုးရိမ်ချက်များနှင့် အကြံပြုချက်များကို ကရင်တမျိုးသားလုံး အတွက် ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု ဖြစ်စဉ်တွင် ကရင်အမျိုးသမီးများ ပါဝင်တင်ပြ ‌တောင်းဆိုနိုင်ရန် ‌ကော်မတီတရပ်ကိုလည်း ဖွဲ့ စည်းခဲ့သည်။

KWO ကို ကရင့်‌တော်လှန်း‌ရေး စတင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ ခရိုင် ၇ခုနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ အဖွဲ့ဝင်‌ပေါင်း ၄၉,၀၀ဝဦးရှိသည်။

ထို့အပြင် အမျိုးသမီးများ စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများ၊ အမျိုးသမီးများနှင့် က‌လေးသူငယ်များ၏ အထူးလိုအပ်ချက်များကို ကူညီ‌ထောက်ပံ့ခြင်း၊ အမျိုးသမီးများအ‌ပေါ် မြန်မာအစိုးရစစ်တပ်မှ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ၊ အထူးသဖြင့် အမျိုးသမီးများ အ‌ပေါ် လိင်ပိုင်းဆိုင်ရာ ချိုး‌ဖောက်မှုများ အပါအဝင် အမျိုးသမီးဆိုင်ရာ ကိစ္စရပ်များကို သတင်းအချက်အလက်များ ‌ကောက်ယူစု ‌ဆောင်းခြင်းနှင့် ကိုယ်စားပြု ထုတ်‌ဖော်‌ပြောဆိုခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်‌ဆောင်ရွက်လျှက်ရှိသည်။