Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၂)နယ်‌မြေအတွင်း အစိုးရစစ်တပ်မှ ရိက္ခာတင်ကား ၁၅ဝစီး ထပ်မံ‌ရောက်ရှိ

‌ကေအဲန်ယူ တပ်မဟာ(၂)နယ်‌မြေအတွင်း အစိုးရစစ်တပ်မှ ရိက္ခာတင်ကား ၁၅ဝစီး ထပ်မံ‌ရောက်ရှိ

1652
‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ၂၀၁၂။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်‌မြေရှိ ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ် ‌ဘောဂလိ‌ဒေသဘက်တွင် အစိုးရတပ်၏ ရိက္ခာတင်ကား ၁၅ဝစီး ထပ်မံ‌ရောက်ရှိလာသည်ဟု သိရသည်။

ဗိုလ်မှူးချုပ်ဝင်းဘို‌ရွှေ ဦး‌ဆောင်သည့် အစိုးရစစ်တပ် တပ်မ (၆၆)မှ စစ်ရိက္ခာတင်ကား ၇ဝစီးသည် ‌ဖေ‌ဖော်ဝါရီလ ၅ ရက်‌နေ့ နှင့် ၇ရက်‌နေ့တွင် ‌တောင်ငူမြို့နယ်၊ ‌ဘောဂလိ‌ဒေသသို့ ‌ရောက်ရှိလာပြီး (၈)ရက်‌နေ့ ည‌နေတွင်လည်း ရိက္ခာတင်ကား ၈ဝစီး ထပ်မံ‌ရောက်ရှိလာသည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ (၇)ရက်‌နေ့မှစပြီး ယ‌နေ့အချိန်ထိ မြန်မာစစ်တပ်သည် ‌ဘောဂလိကြီး၊ ‌မောင်းတိုင်ကြီး၊ ဘူးဆာခီးရှိ ၎င်းတို့ အ‌ခြေစိုက်စခန်းများသို့ ရိက္ခာပို့‌ဆောင်‌ပေးရာတွင် ‌ဒေသခံရွာသားများ၏ ဆိုင်ကယ်များအား ‌ချောဆွဲ‌နေကြသည်ဟု ‌ဒေသခံ များ၏ ‌ပြောပြချက်အရ သိရသည်။

ရိက္ခာ ပို့‌ဆောင်‌နေသည့် အစိုးရ စစ်ဗိုလ်တစ်ဦးက “ဒီနယ်‌မြေက စစ်ဆင်‌ရေးနယ်‌မြေ။ မင်းတို့ကို ငါတို့ခိုင်း ချင်သလို ခိုင်းလို့ရ တယ်။ အခု ‌ကေအဲန်ယူနဲ့ ငါတို့ နားလည်မှုရထား‌တော့ ဒီလိုသယ်ခိုင်းဖို့ကိုလည်း ‌ကေအဲန်ယူနဲ့ နားလည်မှု ရထားပြီးသား” ဟု ‌ချောဆွဲခံရသည့် ရွာသားများအား ‌ပြောကြားမှုကို ကိုးကား၍ ‌ဒေသခံ တစ်ဦးက ပြန်‌ပြောသည်။

အစိုးရစစ်တပ် တပ်မ(၆၆)သည် ‌ဘောဂလိ‌ဒေသတွင် ယခုလဆန်းပိုင်းတွင်လည်း ရာနှင့်ချီသည့် ရိက္ခာတင်ကားများ ပို့‌ဆောင် ရာတွင် ‌ဒေသခံများဆိုင်ကယ်များကို ရိက္ခာသယ် ပို့ခိုင်းသည့်အပြင် ‌မော်ချီး-‌တောင်ငူသွားသည့် ကားလမ်းတွင်လည်း ‌တောမီး ရှို့ခြင်းများ လမ်း‌ဘေးတစ်‌လျှောက် လုပ်‌ဆောင်‌နေ‌သော‌ကြောင့် ရွာသားများ၏ ဖာလာခြံ၊ ကွမ်းခြံ၊ အုန်းခြံ၊ ဒူးရင်းခြံ၊ မင်းကွတ် ခြံများမှာ မီး‌လောင်ကျွမ်းခံရသည်။

ဇန်နဝါရီလ ၁၂ရက်‌နေ့က အစိုးရနှင့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငြိမ်း ချမ်း‌ရေး ‌ဆွေး‌နွေးခဲ့ရာ ၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် နှစ်ဘက်ပစ်ခတ်မှုများရပ်ဆိုင်း‌ရေး အပါအဝင် ပြည်နယ်အဆင့် ပဏာမ သ‌ဘောတူညီချက် (၅)ချက်ဖြင့် လက်မှတ်‌ရေးထိုးခဲ့သည်။

ထို့‌နောက် အစိုးရစစ်တပ်ဘက်မှ ‌ကေအဲန်ယူ လှုပ်ရှားရာနယ်‌မြေများတွင် စစ်ရိက္ခာ ပို့‌ဆောင်မှုများနှင့်အတူ စစ်တပ်အင်အား တိုးချဲ့မှုများ ဆက်တိုက်လုပ်‌ဆောင်လျှက် ရှိသည်။

အစိုးရစစ်တပ်ဘက်မှ ယခုလို စစ်ရိက္ခာပို့‌ဆောင်များ အဆက်မပြတ်လုပ်‌ဆောင်ခြင်းသည် အစိုးရနှင့် ‌ကေအဲန်ယူတို့အကြား ရရှိထားသည့် အပစ်အခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူညီချက်သည် အချိန်မ‌ရွေး ပျက်ပြယ်သွားနိုင်‌ကြောင်း စစ်‌ရေး‌လေ့ လာသူများက သုံးသပ်ကြသည်။