Home သတင်း အပစ်အခတ်ရပ်ဆိုင်း‌ရေးကာလ အစိုးရစစ်တပ်နှင့် ‌ကေအဲန်ယူ တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား

အပစ်အခတ်ရပ်ဆိုင်း‌ရေးကာလ အစိုးရစစ်တပ်နှင့် ‌ကေအဲန်ယူ တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား

1470
‌ဖေ‌ဖော်ဝါရီ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူတို့ ပဏာမအဆင့် အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘော တူညီ‌နေချိန်တွင် ပြီးခဲ့သည့်ရက် ပိုင်း‌ကေအဲန်ယူ လက်‌အောက် ခံတပ်ရင်းနှင့် အစိုးရ စစ်တပ်တို့အကြား ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယခုလ ၈ရက်‌နေ့က ‌ကေအဲန်ယူထိန်းချုပ်ရာနယ်‌မြေအတွင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သံလွင် မြစ်ကမ်းနံ‌ဘေးတွင် တကြိမ်၊ (၉) ရက်‌နေ့ညပိုင်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘီးလင်း‌ချောင်း ‌ဘေးနားတွင် တကြိမ် ၎င်းတို့နှစ်ဖက်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ (၅)က ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၅)မှ တာဝန်ရှိသူတစ်ဦးက “တပ်မဟာ(၅)နဲ့ (၇)ကြားမှာ တခါဖြစ်တယ်။ ဘီး လင်း‌ချောင်းနားမှာ တခါဖြစ်တယ်။ အစိုးရဘက်က ဗိုလ် (၃)‌ယောက်‌သေတယ်။ ‌သေတဲ့အထဲမှာ ဗိုလ်မှူး တစ်‌ယောက်ပါတယ်။ ရုံးသို့ အချက်အလက် စုံစုံလင်လင် မ‌ရောက်‌သေးတဲ့အတွက် ‌လော ‌လောဆယ် ဒီ‌လောက်ပဲ ‌ပြောနိုင်တယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောခဲ့သည်။

အစိုးရစစ်တပ်ဘက်က ‌ကေအဲန်ယူ သတ်မှတ်ထားသည့် လမ်း‌ကြောင်းအတိုင်း လိုက်နာမှု မရှိ‌သော ‌ကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုတွင် ‌ကေအဲန်ယူဘက်က ထိခိုက်ကျဆုံးမှု မရှိ ‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောသည်။

ယခင်လ ဇန်နဝါရီ ၁၂ရက်‌နေ့က အစိုးရနှင့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးကိုယ်စားလှယ်တို့ ဘားအံမြို့၌ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရာတွင် မဏာမအဆင့် အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူညီ လက်မှတ်‌ရေးထိုးခဲ့ပြီး‌နောက် ပထမ ဦးဆုံးအကြိမ် ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားခြင်းလည်းဖြစ်သည်။

ယင်းတို့နှစ်ဖက် စစ်တပ်အကြား ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားမှု‌ကြောင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်းစဉ်၌ သက်‌ရောက်မှု ရှိမရှိကို မ‌ပြောနိုင်‌သော်လည်း အစိုးရနှင့် ‌နောက်တကြိမ်‌တွေ့ဆုံပါက စစ်‌ရေးကိစ္စနှင့် ပတ်သက်ပြီး အ‌ချေအတင် ‌ဆွေး‌နွေးရမည့် အ‌ခြေအ‌နေတွင် ရှိသည်ဟု ‌ကေအဲန်ယူ ငြိမ်းချမ်း‌ဖော်‌ဆောင်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ပဒို‌ဒေးပစ်‌ထောက ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၂)နယ်‌မြေ ပဲခူးတိုင်း၊ သံ‌တောင်မြို့နယ်ဘက်တွင်လည်း ယခုလ ဆန်းပိုင်းတုန်း က ရိက္ခာပစ္စည်း သယ်‌ဆောင်လာသည့် အစိုးရစစ်တပ်များသည် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များ ‌ထောင် ထားသည့် ‌မြေမြုပ်မိုင်း တက်နင်းမိသဖြင့် ‌သေဆုံးမှုများရှိခဲ့သည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက“ စစ်တပ်က လမ်း‌ကြောင်းအတိုင်း မသွားပဲ ကား လမ်းနဲ့ ခပ်ခွါခွါ ‌တောထဲကို ‌လျှောက်သွားတဲ့အခါကျ‌တော့ ရွာပုန်းရွာ‌ရှောင်‌တွေမှာ ‌နေထိုင်ကြတဲ့ ကျ ‌နော်တို့ ပြည်သူ‌တွေအတွက် အများကြီး စိုးရိမ်ရတယ်။ ဒီပုံစံအတိုင်းဆိုရင် မလွယ်ဘူး။”ဟု ‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူ တပ်မဟာ(၂)နယ်‌မြေတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များဘက်က ၎င်းတို့ စစ်‌ကြောင်း သွားသည့် လမ်း‌ကြောင်း ကိုက် ၁၀ဝ အကွာနှင့် ၎င်းတို့ တပ်စခန်းတည်ရှိရာ ကိုက် ၂,၀၀ဝ အကွာအတွင်း ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များဝင်လာပါက မိမိကိုယ်ကိုယ် ကာကွယ်သည့်အ‌နေဖြင့် ပစ်ခတ်ရလိမ့်မည်ဟု တရားဝင်စာထုတ်ပြန်ထား‌ကြောင်း ပဒို‌စောအယ်ဝါးက ‌ပြောသည်။