Home သတင်း အစိုးရစစ်တပ်က ရိက္ခာတင်ကား အပြင် လက်နက်ခဲယမ်းတင်ကားပါ ပို့‌ဆောင်လာ

အစိုးရစစ်တပ်က ရိက္ခာတင်ကား အပြင် လက်နက်ခဲယမ်းတင်ကားပါ ပို့‌ဆောင်လာ

2095
‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ မြိတ်ခရိုင်၊ ပ‌လောမြို့နယ်တွင် မြန်မာအစိုးရစစ်တပ်မှ ရိက္ခာတင်ကား ၂ဝစီးပို့ ‌ဆောင်သည့်အပြင် လက်နက်ခဲယမ်းတင်ကား ၄စီးပါ ၎င်းတို့ ‌ခြေကုပ်စခန်း တစ်ခုဖြစ် သည့် ထီးထာစခန်းသို့ ပို့‌ဆောင်လာသည်ဟု စစ်ဖက်ဆိုင်ရာသတင်းအရ သိရသည်။

အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ် စကခ-၂ဝမှ နည်းဗျူဟာ(၂)အ‌ခြေစိုက်စခန်းဖြစ်သည့် မြိတ်မြို့အ‌ရှေ့ဖက်ခြမ်းရှိ ထီးထာစခန်းသို့ ယခုလ ၇ရက်‌နေ့တွင် ထားဝယ်မြို့မှ တစ်ဆင့် ရိက္ခာတင်ကားကြီး ၂ဝစီးပို့‌ဆောင်သကဲ့သို့ ၁၁ရက်‌နေ့တွင် လက်နက်ခဲယမ်းတင်ကား ၄စီး အား ပို့‌ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို နဗဟ(၂)မှူး ဗိုလ်မှူးကြီး ‌အောင်မြင်တာဝန်ယူ ပို့ ‌ဆောင်ခြင်းဖြစ်ပြီး ၎င်းစစ်ရိက္ခာပစ္စည်းများကို ပို့‌ဆောင်ရာတွင် ‌ဒေသခံရွာသားများအား ‌ခေါ် ယူခိုင်း‌စေမှုများလည်း လုပ်‌ဆောင်လျှက်ရှိသည်ဟု အစိုးရစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ‌ပြော သည်။

၎င်းက “ရွာသား‌တွေကို ကား‌နောက်လိုက်တဲ့အ‌နေနဲ့ လုပ်အား‌ပေး‌ခေါ်တယ်။ အခုထီးထာစ ခန်းကို ‌ရောက်တဲ့ ကားက (၂၄)စီးပဲရှိ‌သေးတယ်။ ထားဝယ်မှာ အစီး ၄၀-၅ဝ ကျန်‌သေးတယ်။ ထပ်ပို့ဖို့ ပြင်ဆင်မှု‌တွေ လုပ်‌ဆောင်‌နေတုန်းပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်လ ၂၉ရက်‌နေ့ကလည်း တပ်အင်အား ၁,၀၀၀‌ကျော်ရှိသည့် စကခ အမှတ်(၂၀)မှ နည်းဗျူ ဟာ(၁)၊ (၃)တို့မှ တပ်ရင်း ၇ရင်းသည် ပ‌လောမြို့နယ် ‌ရေဖြူရွာစခန်းသို့ စစ်သားများတင် ‌ဆောင်လာ‌သော စစ်ကား ၅ဝစီးပို့‌ဆောင်ထားသကဲ့သို့ ထားဝယ်ခရိုင် မြစ်တန်းမြို့နယ်ရှိ ကမ်း ရိုးတန်းတိုင်း စစ်ဌာချုပ်လက်‌အောက်ခံ စစ်ဗျူဟာ(၂) အ‌ခြေစိုက်ရာ အိုင်ဝိုင်းစခန်းသို့လည်း ရိက္ခာတင် ကား (၂၀)စီးကို ထားဝယ်မှ တစ်ဆင့် ပို့‌ဆောင်ထားပြီးပြီဖြစ်သည်။

ယခုလို အစိုးရစစ်တပ်ဘက်မှ စစ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ‌ပေါ်‌ပေါ်တင်တင် ပို့‌ဆောင် မှု‌ကြောင့် ‌ကေအဲန်ယူ တပ်ဖွဲ့နှင့် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားမည်ကို ‌ဒေသခံလူထုများက အလွန်စိုးရိမ်ကြသည်ဟု သိရသည်။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူတို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက် ‌နေ့က ကရင်ပြည်နယ် ဖားအံမြို့တွင် ပထမအဆင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေးသ‌ဘော တူညီ လက်မှတ်‌ရေးထိုးခဲ့ကြသည်။

နှစ်ဘက်အပစ်အခတ်ရပ်ဆိုင်း‌နေချိန်ကာလတွင် အစိုးရစစ်တပ်ဘက်မှ အခွင့်အ‌ရေးများ ပိုယူ ‌နေ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၄)မှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယခုလို ‌ပြော သည်။

“အစိုးရစစ်တပ်က ရိက္ခာပို့မယ့်ကိစ္စကို ကျ‌နော်တို့ အသိ‌ပေးပါတယ်။ လက်နက်ပို့တာက‌တော့ မသိရဘူး။ ကျ‌နော်တို့ စစ်‌ဆေးမှု‌တွေလုပ်မှ မရတာကိုး။ အစိုးရစစ်တပ်‌တွေက လိုတာထက်ပို ပြီး အခွင့်အ‌ရေးယူတာပဲ။ အထက်က ကျ‌နော်တို့‌ခေါင်း ‌ဆောင်‌တွေရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်လို မှ လှုပ်ရှားလို့ မရဘူး။”ဟု ‌ပြောသည်။

အစိုးရနှင့် ‌ကေအဲန်ယူတို့ ပထမအဆင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌နေသည့်ကာလတွင် ၎င်း နည်းတူ ‌ကေအဲန်ယူ တပ်မဟာ(၁)၊ (၂)၊ (၃)၊ (၅)၊ (၆)ဘက်တွင်လည်း အစိုးရစစ်တပ်မှ စစ် ရိက္ခာများ ဆက်တိုက်ပို့‌ဆောင်လျှက်ရှိသည်ဟု ‌ကေအဲန်ယူ သတင်းရပ်ကွက်အရ သိရသည်။

ယင်းကဲ့သို့ ရိက္ခာပို့‌ဆောင်ရာ၌ ‌ကေအဲန်ယူ တပ်မဟာ(၅)တွင် ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဖက် တပ်ဖွဲ့ဝင်များအကြား နှစ်ကြိမ်ထက်မနည်း ပစ်ခတ်မှုဖြစ်ပွားသကဲ့သို့ ‌ကေအဲန်ယူတပ်မဟာ (၂)ဘက်တွင်လည်း အစိုးရစစ်တပ်မှ ‌ကေအဲန်ယူ၏ ‌မြေမြုပ်မိုင်း ထိမှန်‌သေဆုံးမှုများရှိသည်။