ဗီဒီယိုမှတ်တမ်း
၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၃၀ရက်နေ့တွင် ပြုလုပ်သည့်
ထိုင်းနိုင်ငံ မဲဆောက်မြို့ တရုတ်ဘုံကျောင်း၏ ဆန်လှူပွဲတော်
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ကျင်းပပြုလုပ်သည့်
ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ်၊ ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် အခမ်းအနား
၁၉၄၆ခုနှစ် မြန်မာနိုင်ငံရှိ အင်္ဂလိပ်စစ်တပ်တွင်လည်းကောင်း၊ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း ဖဆပလတပ်အ ဖြစ် အသွင်ပြောင်းရာတွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင့်အမျိုးသားတော်လှန်ရေး စတင်ခဲ့သည့်အချိန်မှစ၍ တော်လှန်ရေးတွင် တိုက်ခိုက်ရေးအပိုင်းမှ ယခုအချိန်ထိ ပါဝင်တာဝန်ယူနေသူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေ အဲန်အယ်လ်အေ)မှ ဒုတိယဗိုလ်မှူးကြီးစောဒူး ၈၃နှစ်၏ အနှစ် ၆၀မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အမှတ်တရ ပြော စကား
တိုက်ပွဲဖြစ်ပွားမည်စိုး၍ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ မောကဲထာ့ကျေးရွာသို့ ထွက်ပြေးရောက်ရှိလာကာ ၎င်းရွာ၏ စာသင်ကျောင်းတွင် ယာယီနားခိုနေကြသည့် ၀ါ့မီထာ့ရွာသူရွာသားအချို့နှင့် ကရင်သတင်းဌာန(ကေအိုင်စီ) တွေ့ဆုံမေးမြန်းမှု အတိုအထွာ
ဇူလိုင်လ ၁၁ရက်နေ့တွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)သို့ လာရောက်ပူးပေါင်းသည့် ဒီကေဘီ အေ တပ်မဟာ(၉၉၉) အထူးတပ်ရင်းမှ တပ်စုတပ်ဖွဲ့ဝင် ၇ဦးအနက် ဒုဗိုလ်စောမျိုးမျိုး၊ တပ်ကြပ်ကြီး စော ကလော်ဟီးနှင့် တပ်သားစောအောင်စိန်ကို မေးမြန်းထားမှုများ။
ဒုဗိုလ်စောမျိုးမျိုးသည် ယခင်က ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ် ပြီး ဒီကေဘီအေတွင် တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ပြန်လည်ပူးပေါင်းလာသူတစ်ဦး ဖြစ်သည်။
တပ်ကြပ်ကြီးစောကလော်ဟီးသည် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)တွင် ယခင်က တာဝန်ထမ်း ဆောင်ခဲ့ပြီး လာရောက်မပူးပေါင်းခင်အထိ ဒီကေဘီအေတွင် တပ်ကြပ်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
တပ်သားစောအောင်စိန်သည် စားဝတ်နေရေး အခြေအနေအရ ဒီကေဘီအေတပ်ထဲ ၀င်ရောက်ခဲ့သူဖြစ် ပြီး လုပ်သက် ၂လသာ ရှိသေးသည်။
(၇)ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲအပေါ်
အမြင်သဘောထားအချို့
နန်းဒါးဒါး (ဥက္ကဌ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒူးပလာယာခရိုင်)
စောနဲထူးဗျိုင်း (ဥက္ကဌ ကျောက်ကြီးမြို့နယ်၊ ညောင်လေးပင်ခရိုင်။ ကရင်အမျိုးသားအစည်းအရုံး)
စ၀ီလျှံဖန်း (ကိုယ်စားလှယ်။ သြစတြေးလျား ကရင်အဖွဲ့အစည်း-အေကေအို)
စောသူးကဘီး (ကိုယ်စားလှယ်။ ကရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုရေး ဆောင်ရွက်လှုပ်ရှားမှု ကွန်ယက်)
နော်လှဥမ္မာဝင်း (ကိုယ်စားလှယ်။ ကရင်အမျိုးသားအဖွဲ့ချုပ်-ဂျပန်)
တပ်ရင်း (၁၀၁)မှ ကရင်ဒုက္ခသည်စခန်းအတွင်း လူငယ်များ၏ ဘ၀ကို ရိုက်ကူးဖော်ကျူးထား သည့် (၂၅ အမွေအနှစ်) ဟု အမည်ရသည့် စီဒီ ဗွီဒီယိုခွေနှင့် ကရင့်နိုင်ငံရေးနှင့် တော်လှန်ရေးသမိုင်းကို ရေးဖွဲ့သီကုံးထား သည့် သီချင်းစီဒီခွေ နှစ်ခွေကို လာမည့် စက်တင်ဘာလတွင် ဖြန့်ချိတော့မည်ဖြစ်သည်။ ဤခွေကို ၀ယ်ယူကြည့်ရှု လိုပါက အောက်တွင် ဖော်ပြထားသည့် လိပ်စာအတိုင်း ဆက်သွယ်ပါရန် အနုပညာမြတ်နိုးသူ ပရိဿတ် ညီကို မောင်နှမများအားလုံး သတင်းကောင်းပါးအပ်ပါသည်။
Phone: 055 535993 (Saw Pway Paw)
Mobile: 0898546258 (Saw Shella Htoo)
Email: kawmoora101@yahoo.com သို့မဟုတ် eternal.shella@yahoo.com
နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းထိုးစစ်ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာသည့် ရွာသူတယောက်အား တွေ့ဆုံမေးမြန်းစဉ်

