Print This Page Print This Page
Home » ဓာတ်ပုံသတင်း

ဓာတ်ပုံသတင်း

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် သြဂုတ်လ ၂၅ရက်နေ့ ယနေ့တွင် ကျင်းပပြုလုပ်သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ဓာတ်ပုံမှတ်တမ်းများ
ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို ထိုင်းနိုင်ငံ၊ ရပ်ခ်ျဘူရီခရိုင်နှင့်

သြစတြေးလျားနိုင်ငံ ဆစ်ဒနီ၊ မဲလ်ဘုမ်းမြို့များတွင် ကျင်းပပြုလုပ်သည့် ဓာတ်ပုံမှတ်တမ်းများ

လှိုင်းဘွဲမြို့နယ်၊ မဲ့ပလဲဒေသတွင် သြဂုတ်လ ၂၀ရက်နေ့က ပြုလုပ်သည့် ဒီကေဘီအေမှ ဗိုလ်မှူးကြီးစောချစ်သူ၏ တပ်ရင်းသုံးရင်းပါ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲအခမ်းအနား ဓာတ်ပုံမှတ်တမ်းများ
ထိုင်းနိုင်ငံရှိ တတိယအဆင့် သူဌေး ဒေါက်တာပင်ညာချွတ်ထိဝမ်နှင့် မိသားစု၏
ဖတ်ထယာခရိုင်၊ ချွန်ဘူရီမြို့နယ်ရှိ စူခါဝတီအိမ်တော်ယာတွင် ထပ်မံ ကျင်းပပြုလုပ်ပေးသည့် မြိုင်ကြီးငူဆရာတော် အရှင်ဦးသုဇန၏ ၆၃နှစ်မြောက် မွေးနေ့မင်္ဂလာပွဲတော် ဓာတ်ပုံမှတ်တမ်းများ
ယနေ့ သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သည့်
နှစ် ၆၀မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား ဓာတ်ပုံများ

၈၈ကျောင်းသား အရေးအခင်း၏ ၂၂နှစ်မြောက် အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်နှင့်ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် ဓာတ်ပုံသတင်း။

နယ်စပ်တွင် တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးရောက်ရှိလာ ကြသည့် ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းရှိ လေးဝေါ်၊ ၀ါ့မီထာ့၊ ဆုံဆည်းမြိုင်နှင့် သေ့ဘောဘိုးကျေး ရွာများမှ ဒေသခံ ကရင်နှင့် မြန်မာလူမျိုး ရွာသူရွာသားများ (ဓါတ်ပုံ – ကေအိုင်စီ)

၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်သော ၆၃နှစ်မြောက် မြန်မာ့အာဇာနည် နေ့ ၀တ်ပြုဆုတောင်း အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်နေရာတွင် အတိုက်အ ခံ အင်အားစုများက ပြုလုပ်ကျင်းပခဲ့ကြသည့် ဓာတ်ပုံများ

(ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် ၆၃ကြိမ်မြောက်
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအဲန်ဒီအို)နေ့ အခမ်းအနားမှ ဓာတ်ပုံမှတ်တမ်းအချို့)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မိုးရွာသွန်းမှု အားနည်းသဖြင့် ယခုလဆန်းပိုင်းက လယ်ယာ မြေတွင် ရေမရှိဘဲ ခြောက်သွေ့စွာ နွားဖြင့် လယ်ထွန်နေရပုံနှင့် ဖြစ်ထွန်းခါစ စပါးပျိုးပင်ပေါက်လေးများကို ဤသို့တွေ့ရသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း (၂၀၁)နှင့် တပ်ရင်း (၁၀၁)တို့ ဦးစီးပြုလုပ်သည့် တလကျော်ကြာ အခြေခံစစ်သင်တန်းဆင်းပွဲ မှတ်တမ်းဓါတ်ပုံများ

(ထိုင်း-မြန်မာနယ်စပ်တနေရာ၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများက ၂၀၁၀ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားကို စုပေါင်းကျင်းပကြသည့် ဓာတ်ပုံ မှတ်တမ်းများ။)

ဇွန်လ ၂၀ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ထိုင်းမြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ကျင်းပပြုလုပ်သည့် အခမ်းအနားမှ ဓာတ်ပုံများ

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက် မငြိမ်မသက်မှုများ အားလုံးအေးချမ်းသွားရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် မေလ ၃၀ရက်နေ့၌ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲနှင့် (၇)နှစ်မြောက် ဒီပဲယင်း အကြမ်းဖက်မှု (၇)နှစ်ပြည့် အခမ်းအနား ဓာတ်ပုံများ

(၇)ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲကို ကရင်ပြည်နယ်အတွင်းရှိ ကရင့်တော် လှန်ရေး နယ်မြေတစ်နေရာ၌ မေလ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်း ၃၇ဖွဲ့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူပေါင်း ၁၀၃ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဓာတ်ပုံ-ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကျင်းပပြုလုပ်ခဲ့သည့် ကလိုကွယ် ကရင်တေးဂီတအဖွဲ့ (၉)နှစ်မြောက် အထိမ်းအမှတ် Live show ပွဲတွင် တီးခတ်သီဆိုကြသည့် ကလိုကွယ် အဖွဲ့ဝင် ကရင်လူငယ် အဆိုတော်များနှင့် တီးခတ်သူများ
ဓာတ်ပုံ – ကေအိုင်စီ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ(၉၉၉) ဗျူဟာ မှူး ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်လုပ်ကိုင်နေသည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် လဂွန်းပြိုဒေသ အတွင်းရှိ ရွှေသတ္တုရှာဖွေတူးဖော်သည့်နေရာတွင် မြေတူးစက်(ဘူဒိုဇာ)များနှင့် ရွှေတူးဖော်နေကြ သူများအား အဝေးမှ ဤသို့ မြင်တွေ့ရစဉ်

(အဆိုပါဓာတ်ပုံများ ပေးပို့လာသူကို ကေအိုင်စီမှ ကျေးဇူးအထူးတင်ရှိပါကြောင်း)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) ဗဟိုဌာနချုပ် မြိုင်ကြီးငူအထူးဒေသတွင် ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ ၂၁ရက်နေ့၌ ကျ ရောက်သည့် ၁၅နှစ်မြောက် ဒီကေဘီအေနေ့ အခမ်းအနားမှ မှတ်တမ်းဓာတ်ပုံများ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံမှ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ၏ အခန်းကဏ္ဍ”အမည်ရှိ အစီရင်ခံစာတအုပ်ကို မတ်လ (၂၃)ရက်နေ့တွင် ထိုင်း- မြန်မာနယ်စပ်၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းများ

မတ်လ (၁၄)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် သံလွင်ကမ်းနံဘေးရှိ အီတိုးထာ့ပြည်တွင်း ဒုက္ခသည်စခန်းတွင် မြစ်တဖက်တချက်ရှိ ဒေသခံရွာသား ၆၀၀ကျော်က ဟတ်ကြီးဆည် တည်ဆောက်ရေး စီမံကိန်းရပ်တန့်ပေးရန် ဆုတောင်းပွဲပြုလုပ်ကာ ထုတ်ဖော်ဆန္ဒပြခဲ့ကြ သည်။

၂၀၁၀ ခုနှစ်၊ မတ်လ ၁၃ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးသည့် (၂၂)နှစ်မြောက်နေ့ အထိမ်း အမှတ် စကားဝိုင်းဆွေးနွေးပွဲ ဓာတ်ပုံမှတ်တမ်း
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်မှ (၂၆)ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာ့သတင်းညီလာခံမှ ဓာတ်ပုံ မှတ်တမ်းများ
၂၀၁၀ နှစ်ဆန်းပိုင်းတွင် ညောင်လေးပင်ခရိုင်အတွင်း နအဖ စစ်တပ်၏ နေအိမ်မီးရှို့ခြင်း၊ ရွာသားများအား ပစ်သတ်ခြင်းများကြောင့် တောတောင်ထဲ ခက်ခက်ခဲခဲ ထွက်ပြေးပုန်း ရှောင်နေရသည့် ကရင်လူထုများ၏ မှတ်တမ်းဓာတ်ပုံအချို့နှင့် နအဖ တပ်စခန်းပုံ
ယနေ့ ကျရောက်သည့် (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ထိုင်း-မြန်မာ နယ် စပ် တနေရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)က ကြီးမှူးကျင်းပ သည့် မှတ်တမ်းဓါတ်ပုံများ။
၃၁.၁.၂၀၁၀ ရက်နေ့၌ ကျရောက်သည့် (၆၁)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် တနေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) ကျင်းပပြုလုပ်သည့် စစ်ရေးပြအခမ်းအနား မှတ်တမ်းဓါတ်ပုံများ။ (ဓါတ်ပုံ-ကေအိုင်စီ)
၃၁.၁.၂၀၁၀ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အား ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့နယ် တနေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) (၂၀၁) တပ်ရင်းမှ ကျင်းပပြုလုပ်သည့် စစ်ရေးပြအခမ်းအနား မှတ်တမ်းဓါတ်ပုံများ။ (ဓါတ်ပုံ-ကေအိုင်စီ)
ဒီဇင်ဘာ ၂၀ရက်နေ့က သြစတြေးလျားနိုင်ငံ၊ ခဲဘရာမြို့ (Caberra)မှ ကရင်များ ယခုနှစ် ကျရောက်လာသည့် ကရင့်သက်ကရာဇ် ၂၇၄၉ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ခဲဘရာမြို့ရှိ စိန့်ဂျွန်း ခန်းမတွင် ကျင်းပပြုလုပ်သည့် မှတ်တမ်းဓါတ်ပုံများ (ဓါတ်ပုံ-စောကျော်ကွီး)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဒီဇင်ဘာလ ၁၆ရက်နေ့က ပြုလုပ်ကျင်းပသည့် ၂၇၄၉ခုနှစ် ကရင်နှစ်သစ်ကူးနေ့ လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် နိုဖိုးထီးမူးထာ့ကျေးရွာတွင် ပြုလုပ်ကျင်းပသည့် ၂၇၄၉ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများ
၁၂၊ ၁၂၊ ၂၀၀၉ နေ့ညက မဲဆောက်မြို့တွင် ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေးအသင်းမှ ပြုလုပ်ကျင်းပသည့် ဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ အဆိုတော် ထွန်းအိနြာပို၊ ဖြူဖြူကျော်သိန်း၊ အာဇာနည်၊ ဖိုးကာနှင့် ရဲလေးတို့ သီဆိုဖျော်ဖြေနေသည့် မှတ်တမ်းဓါတ်ပုံများ (ကေအိုင်စီ)
၉/ ၁၂/၂၀၀၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပပြုလုပ်သည့် အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) ဖွဲ့စည်းတည်ထောင်ခြင်း (၁၀)နှစ်ပြည့်အခမ်းအနား မှတ်တမ်းဓါတ်ပုံများ။ (ဓါတ်ပုံ-ကေအိုင်စီ)
ဒီဇင်ဘာလ (၆)ရက်နေ့တွင် ကျရောက်သော ဒေါက်တာစင်သီယာမောင်၏ နှစ် ၅၀ပြည့် ရွှေရတု မွေးနေ့ မင်္ဂလာပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်တော်ဆေးခန်း၌ ပြုလုပ်ခဲ့ရာ လူပရိဿတ် ရာနှင့်ချီ၍ လာ ရောက်ခဲ့ကြသည့် ဓာတ်ပုံမှတ်တမ်းများ။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယခု ၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ကျရောက်သည့် ၂၁ နှစ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို ထိုင်းနိုင်ငံသားများအပါအ၀င် ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး (၁,၀၀၀)၀န်းကျင် မဲဆောက်ဆေးရုံကြီးမှ မယ်တော်ဆေးခန်းသို့ ချီတက်ကာ ဤသို့ ပြုလုပ်ကျင်းပခဲ့ကြသည်။

(Photo-KIC ခရက်ဒေ့တ် ပေးပါ)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နိုဝင်ဘာလ ၂၉ရက်နေ့ နံနက်က ပြည်ပရောက် စာပေ၊ အနုပညာရှင်များ ၀ိုင်းဝန်းကျင်းပခဲ့သည့် လူထုမိခင် အမေဒေါ်အမာ၏ ၉၄နှစ်ပြည့် မွေးနေ့နှင့် တပြိုင်နက် ဆရာမောင်စွမ်းရည်၏ “မှိုင်းမှသည် မိုးထိအောင်” ကဗျာစာအုပ် မိတ်ဆက်ပွဲ ဓာတ်ပုံမှတ်တမ်း
Australia Sydney ရောက် ကရင်အမျိုးသား လယ်ယာလုပ်ငန်းသင်တန်း

Australia ရောက် ကရင်လူမျိုး ၂၀ဦးသည် AKCO (Australia Karen Culture Organization) ၏ အစီအစဉ်ဖြင့် Certificate II Agriculture Course ကို လွန်ခဲ့သည့် 21st July,2009 မှ စတင်ကာ သင်တန်းကာလနှင့် လက်တွေ့အပါ အ၀င် (၈)လခန့် သင်ကြားပေးခဲ့သည်။ ယခုသင်တန်းကာလအတွင်း အပင်များကို ကိုင်းကူးကိုင်းဆက်နည်း၊ အပင်ပျိုး နည်း၊ မြေသြဇာအမျိုးအစားအလိုက် သုံးနည်း၊ ရေသွယ်နည်း၊ ရေသွင်းနည်း၊ ခြံစည်းရိုးပြုလုပ်/ပြုပြင်နည်း၊ ထွန်စက်ကြီး /ငယ်မောင်းနည်း၊ ထွန်ယက်နည်းတို့နှင့် ပိုးသတ်ဆေးအသုံးပြုနည်းတို့အပြင် နွားမွေးမြူရေး၊ သိုးမွေးမြူရေး၊ ကွန်ပြူတာ သုံးနည်း အစရှိသော ပညာရပ်တို့ကို မိမိတို့အား ပို့ချပေးလျှက်ရှိသည်။ ထို့အပြင် အပြင်ဗဟုသုတများအဖြစ် ဆရာများ ကိုယ်တိုင် ကြီးကြပ်စီစဉ်၍ (၂)ရက်ကြာ လေ့လာရေးခရီးထွက်ခဲ့ကြပြီး သင်တန်းမှာ April 2010 တွင် ပြီးဆုံးမည်ဖြစ်သည်။
၎င်းအပြင် မိမိတို့ဆန္ဒအပေါ် မူတည်၍ Certificate III, IV, Diploma အထိ တက်ရောက် သင်ကြားနိုင်ကြမည် ဖြစ်သည်။ ထိုသင်တန်းမှာ ကရင်အမျိုးသားများအတွက် အထူးသင်ချပို့ချပေးသော သင်တန်းဖြစ်ပြီး အခြားသော ကရင်များ တက် ရောက်လိုပါက enrollment လုပ်နိုင်ပြီ ဖြစ်သည်။ အခြားအစီအစဉ်တခုမှာ Australian ပုဂ္ဂလိက လယ်သမားနှင့် AKO အစီအစဉ်ဖြင့် သင်တန်းပေးပြီး လက်တွေ့လုပ်ငန်းခွင်သို့ ၀င်ရောက်စေကာ လောလောဆယ် အချို့ကရင်များကို အလုပ် သွင်းပေးနေပြီဖြစ်သည်။
သတင်းဓာတ်ပုံ- ဖန်းလေး

၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကျရောက်သည့် သက္ကရာဇ် ၂၁၀၄နှစ်၊ ရှမ်းနှစ်သစ်ကူးနေ့တွင် ရှမ်း အမျိုးသမီးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့မှ ရှမ်းပြည်နယ်အတွင်း ဘိုးဘွားများ၏ ရှေးဟောင်းအဆောက် အဦး များ၊ ရှမ်းစော်ဘွားများ၏ ဟော်နန်းများနှင့် ဘုရားကျောင်းကန်ကြီးများကို မြန်မာစစ်အစိုးရက ဖြိုချဖျက်ဆီး ခဲ့ခြင်း၊ အချို့ အဆောက်အဦများကို ဒေသခံလူထုအား ပြုပြင်ခွင့်မပေးဘဲ ထားရှိခြင်း စသည်များကို ဖော်ထုတ်ရေး သားထားသည့် “ရှမ်းပြည်အတွင်း တားမြစ်ထားသော မြင်ကွင်းများ”စာအုပ်ကို နန်းချမ်တောင်းနှင့် နန်းမွန်းကိန်တို့က တိုင်းရင်းသားသတင်းထောက်များအား ရှင်းလင်းပြောဆိုခဲ့သည်။
၂၁၀၄နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ ပွဲတော်ကို ချင်းမိုင်မြို့၌ နိုဝင်ဘာလ ၁၅ရက်နေ့မှ ၁၇ရက် နေ့အထိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပခဲ့ကြသည်။ အဆိုပါပွဲတော်၌ ရှမ်း ရိုးရာ အစားအသောက်များ၊ အ၀တ်အစားများကို ရောင်းချခဲ့ကြပြီး ယဉ်ကျေးမှုပြခန်းတွင် ဓာတ်ပုံ၊ ပန်းချီကားချပ်များ၊ ရိုးရာဝတ်စုံများ၊ ရိုးရာကျေးလက်နေအိမ်များကို ပြသထားခဲ့ကြ သည်။ ၎င်းအပြင် ရှမ်းရိုးရာအကနှင့် တုတ်သိုင်း၊ ဓားသိုင်းအကများကိုလည်း ပွဲလာရောက် သည့် ပရိဿတ်များအား တင်ဆက်ဖြေဖျော်ခဲ့ကြသည်။
ထိုင်းဘုရင်မွေးနေ့ မတိုင်မီ ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်း ရည်ရွယ်ပြီး မဲဆောက်ရှိ ထိုင်းနှင့် မြန်မာ သံဃာတော်အပါး ၁၅၀၀ က ဆွမ်းခံကာ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ကပ်လှူပွဲကို နိုဝင်ဘာလ ၈ရက်၊ နံနက်စောစောတွင် ပြုလုပ်ခဲ့ကြသည်။

တုပ်ကွေးရောဂါကူးစက်မှုမှတ်တမ်းပုံများ

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အတွက် သံဃာတော်များ ဦးဆောင်သည့် မဲဆောက်မြို့ အဝေးပြေးလမ်းမကြီးမှ လမ်းလျှောက်ချီတက်ပွဲ မှတ်တမ်းဓာတ်ပုံများ
ဖာပွန်ခရိုင် ဒေးပူနိုဂွင်မှ ပြည်တွင်းစာသင်ကျောင်း မှတ်တမ်းဓာတ်ပုံ
သင်တန်းဆင်း ဗိုလ်လောင်းများ စုစည်းမှတ်တမ်းဓါတ်ပုံများ (ပုံ-ကေအိုင်စီ)
၂၀၀၉ စက်တင်ဘာ (၉)ရက်နေ့က မဲဆောက်မြို့ တရုတ်ဘုံကျောင်းတွင် ဆန်လှူပွဲကျင်းပ ပြုလုပ်ခဲ့ရာ မရှိဆင်းရဲသည့် မြန်မာပြည်သားများ ရောက်ရှိအလှူခံသော မှတ်တမ်းဓါတ်ပုံများ
(ရ၀) ပြည့်နှစ်မြောက်ဆရာတော်အရှင် ဦးဥတ္တမ နေ့ အထိမ်းအမှတ်ဓါတ်ပုံ (ပုံ – ကေအိုင်စီ)